PC
ကို စတင်ဖွင့်လိုက်တဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ စက်ကို အသုံးမပြုတဲ့
အခါမှာပဲဖြစ်ဖြစ် Lock ပြုလုပ်ထားရင် Lock Screen နေရာမှာ Shutdown
ခလုတ်ထည့်သွင်း ထားတဲ့အတွက် အခြား သူတွေဟာ Windows ကို Restart အလွယ်တကူ
လုပ်ပစ်တာမျိုး၊ Shutdown အလွယ်တကူ ချသွားတာမျိုးတွေကို
မပြုလုပ်စေချင်ဘူးဆိုရင် Shutdown button ကို disable ပြုလုပ်ထားဖို့
လိုအပ်နေပါပြီ။ Shutdown button ကို Lock Screen ပေါ်ကနေ disable
ပြုလုပ်မယ်ဆိုရင် နည်းလမ်း ၂ မျိုးနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Lock Screen ပေါ်က Shutdown button ကို disable ပြုလုပ်ဖို့အတွက် Group Policy ကနေ disable ပြုလုပ်နိုင်သလို Registry ကနေလည်း ပြင်ဆင်ပြီး disable ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Group Policy ကနေ ပြင်ဆင်ပြီး disable ပြုလုပ်မယ်ဆိုရင် Win + R key ကို နှိပ်ပြီး Run box ကိုခေါ်ပါ။ ပြီးရင် gpedit.msc ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။

Group Policy Editor ထဲကိုရောက်ပြီဆိုရင် Computer Configuration > Windows Settings > Local Policies > Security Options ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။

Security Options အောက်ကိုရောက်ပြီဆိုရင် Shutdow: Allow system to be shutdown without having to log on ဆိုတာကို ရှာဖွေလိုက်ပါ။

အဆိုပါ ဖိုင်ကိုတွေ့ပြီဆိုရင် Double-click နှိပ်ပြီး Disable ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ဖော်ပြပါအတိုင်း ရွေးချယ်ပေးပြီးပြီဆိုရင် Ok ကို နှိပ်ပြီးထွက်လိုက်ပါ။ Windows Lock ပြုလုပ်ကြည့် လိုက်ပါ။ Windows 10 Lock Screen မှာ Shutdown button ကိုတွေ့မြင်ရတော့မှာမဟုတ်ပါဘူး။

Registry ကနေ ပြင်ဆင်ချင်သူများအတွက်ကတော့ Run box ကနေ regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Registry Editor box ကျလာရင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။
System ဆိုတဲ့ Key ကိုရောက်ပြီဆိုရင် Select ပြုလုပ်ရပါမယ်။

Right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

အဆိုပါ ဖိုင်ရဲ့နာမည်ကို shutdownwithoutlogon ဆိုတဲ့ နာမည်ပေးရပါမယ်။

ပြီးသွားရင် အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီး Value data ဆိုတဲ့နေရာမှာ “0” (Zero) လို့ပေးရပါမယ်။

ဒါဆိုရင် Windows 10 Lock Screen ကနေ Shutdows button ကို Group Policy ကနေရော Registry ကနေပါ disable ပြုလုပ်တဲ့နည်းလမ်း ပြီးပြီဖြစ်ပါတယ်။
Ref: maketecheasier
CREDIT- http://internetjournal.media/
www.nyilattun.com

No comments: