Android ဖုန်း၏ အချက်အလက်များကို Google Drive တွင် Backup ပြုလုပ်ခြင်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Android ဖုန်း၏ အချက်အလက်များကို Google Drive တွင် Backup ပြုလုပ်ခြင်း

ကိုယ့်ရဲ့ ဖုန်းမတော်တဆ ပျက်စီး၊ ပျောက်ဆုံးမှု ဖြစ်ရင်တော့ ကိုယ့်ရဲ့ အချက်အလက်တွေကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ Google ကနေ Drive ဆိုတဲ့ အင်တာနက် ပေါ်မှာ အချက်အလက်တွေကို သိမ်းထားနိုင်တဲ့ ၀န်ဆောင်မှုကို အသုံးပြုပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်မှာဖြစ်ပါ တယ်။ Google ကနေ Drive ၀န်ဆောင်မှုကို လူတိုင်းအနေနဲ့ 15GB အခမဲ့အနေနဲ့ အသုံးပြုခွင့် ပေးထားပါတယ်။ ကိုယ့်ရဲ့ဖုန်းထဲက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ တခြားအချက်အလက် ဖိုင်တွေကို Drive ထဲမှာ သွားရောက် သိမ်းဆည်း ထားဖို့အတွက် Google Drive မှာ အကောင့်တစ်ခု Sign up ပြုထားရမှာ ဖြစ်ပါတယ်။
အရင်ဆုံးဖုန်းမှာ PlayStore ကနေ Drive app ကို ထည့်သွင်းပြီး ကိုယ့်ရဲ့ အီးမေးလ်အကောင့် နဲ့ Drive မှာ Sign up ပြုလုပ်ထားပါ။ ပြီးရင်တော့ အောက်ဖော်ပြပါ အဆင့်အတိုင်း လုပ်ဆောင်ပြီး အချက်အလက်တွေကို သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းထဲက Drive icon ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

Drive ကို အသုံးပြုဖို့အတွက်  ဖုန်းကမိုဘိုင်း အင်တာနက် ဖွင့်ပေးထားရပါမယ်။ ကိုယ်က WiFi ကနေ အင်တာနက် သုံးမယ်ဆိုရင် တော့ WiFi ကို ဖွင့်ပေးထားရပါမယ်။

Drive app ပွင့်လာရင်တော့ ညာဘက်အောက် ထောင့်နားက အပေါင်းသင်္ကေတ လေးကိုနှိပ်ပါ။

ပေါ်လာတဲ့အထဲက Upload ဆိုတဲ့ မြှားခေါင်းအပေါ်ကို ပြထားတဲ့ဟာကို ရွေးပေးပါ။

ပြီးရင်တော့ ကိုယ့်အနေနဲ့ Drive ပေါ်မှာ သိမ်းချင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရွေးပေးပါ။

ပြီးသွားရင်တော့ Done ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။ ဒါဆိုရင် တော့ Google Drive စနစ်ထဲကို ဖုန်းထဲက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အချက်အလက်တွေကို သိမ်းဆည်းလိုက်ပြီးပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဖုန်းမတော်တဆ ပျက်စီး၊ ပျောက်ဆုံးပါက ကိုယ့်ရဲ့ Drive မှာ Sign up လုပ်ထားတဲ့ အီးမေးလ်ကိုသုံးပြီး Drive မှာ သိမ်းဆည်းထားသမျှကို အလွယ်တကူ ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

Post By; ရဲထွဋ်ဝင်း
Credit-http://internetjournal.media/

 www.nyilattun.com



Android ဖုန်း၏ အချက်အလက်များကို Google Drive တွင် Backup ပြုလုပ်ခြင်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:48 PM Rating: 5   ကိုယ့်ရဲ့ ဖုန်းမတော်တဆ ပျက်စီး၊ ပျောက်ဆုံးမှု ဖြစ်ရင်တော့ ကိုယ့်ရဲ့ အချက်အလက်တွေကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ Google ကနေ Drive ဆိုတဲ့ ...

No comments: