ယနေ့လူငယ်များအကြားနာမည်ကျော် လူကြိုက်များနေသည့် ရွှေထူးကို OPPOမြန်မာမှ Brand Ambassador အဖြစ်ခန့်အပ်ကြောင်းတရားဝင်ကြေညာခြင်းအခမ်းအနားကို မဟာဗန္ဓုလမ်း(၁၅)လမ်းရှိ OPPO Showroom တွင်ကျင်းပခဲ့ပါသည်။  ရာပေါင်းများစွာ သော ပရိသတ်များအနေဖြင့် ရွှေထူးခင်ဝင်ဝါတို့နှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း၊ အမှတ်တရ လက်မှတ်ရေးထိုးခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ OPPO Brand Ambassador များကဖြစ်သော နာမည်ကျော်အဆိုတော်များဖြစ်သောမျိုးကြီး၊ နီနီခင်ဇော်တို့နှင့်အတူ ယခုအခါ ရွှေထူးမှ OPPO Brand Ambassador တစ်ဦးအဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါသည်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သောရွှေထူးမှာ R&B လောကတွင်အောင်မြင် ကျော်ကြားသော လူငယ်အဆိုတော်တစ်ဦးဖြစ်ပြီး အမည်ရင်းမှာထူးခန့်ဖြစ်ပါသည်။ အစေခံ၊  တံခါးဖွင့်ထားပါတယ် စသည့် သူ၏ သီချင်းများမှာ  အထူးကျော်ကြားပါသည်။ မကြာသေးမီနှစ်များအတွင်း ရွှေထူးနှင့် အခြားအဆိုတော်များ တွဲဖက်သီဆိုထားသော တေးသီချင်းများမှာ အထူးထင်ရှားပြီး ပရိတ်သတ်များ၏ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသည်။
“OPPO မြန်မာရဲ့ Brand Ambassador အဖြေစ်အရွေးချယ်ခံခဲ့ရတာ ဝမ်းသာဂုဏ်ယူပါတယ်။  အဆိုတော် သရုပ်ဆောင်တစ်ယောက်ဟာ သူ့အနုပညာကို ဖန်တီးမှုနဲ့အတူ ဖော်ထုတ်ရပါတယ်။ အလားတူပါပဲ။ OPPOရဲ့ ထူးခြားတဲ့နည်းပညာဟာ လူနေမှုပုံစံနဲ့ပျော်ရွှင်ခံစားမှုတွေကို ပေါင်းစပ်ထား ၊ မြှင့်တင်ပေးထားပါတယ်။”
မိမိတို့ရဲ့အပြုံးတွေကို selfie ကနေတဆင့် မိမိတို့စိတ်ကြိုက်ဖန်တီးမျှဝေနိုင်ဖို့  OPPO ကဆောင်ရွက်ပေး နိုင်မယ်လို့ ယုံကြည်ပါတယ်ဟု ရွှေထူးမှပြောဆိုခဲ့ပါသည်။ “OPPO ရဲ့ Brand Ambassador အနေနဲ့နေရာ အနှံ့အပြားကိုသွားရမယ်။ လှုပ်ရှားမှုတွေဆောင်ရွက်ရမယ်။ ပရိသတ်တွေကိုဖျော်ဖြေပေးရမယ်။ ဒါတွေဟာ ကျွန်တော့်အတွက်အခွင့်အရေးတွေပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်အတွေ့အကြုံတွေကို ဓာတ်ပုံမှတ်တမ်း တင်လေ့ရှိတယ်။ ဖုန်းတော်တော်များများကဓာတ်ပုံရိုက်လို့ရပါတယ်။ ဒါပေမယ့် OPPO F1s ကတော့ Selfie ရိုက်ကူးတဲ့နေရာမှာအကောင်းဆုံးပါပဲလို့ဆိုချင်ပါတယ်။ ကျွန်တော်လည်း OPPO F1s သုံးပြီး Selfie ရိုက်လေ့ရှိပါတယ်။ OPPO ကြောင့် Selfie ရိုက်တဲ့နေရာမှာ ကျွန်တော်selfieဘုရင်တောင် ဖြစ်တော့မယ်”ဟု အဆိုတော်ရွှေထူးမှထပ်လောင်းပြောကြားခဲ့သည်။
ယနေ့ပွဲတွင် OPPO မြန်မာနှင့် MODA မဂ္ဂဇင်းတို့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ MODA ၏အောက်တိုဘာလထုတ်မဂ္ဂဇင်းတွင် Brand Ambassador ရွှေထူးနှင့်ခင်ဝင့်ဝါတို့ကို မျက်နှာဖုံးဓာတ်ပုံရိုက်ကူးထားပြီး OPPO Facebook selfie contest အနိုင်ရသူများကိုလည်းဖော်ပြထားပါသည်။ အနိုင်ရလူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ MODA မဂ္ဂဇင်းမျက်နှာဖုံးတွင် ပါဝင်ခွင့်ရခဲ့ပြီး Oppo F1 တစ်လုံးစီလက်ဆောင်ရရှိခဲ့ပါသည်။
“ရွှေထူးကို Brand Ambassador အဖြစ်ခန့်အပ်နိုင်ခဲ့တာ အရမ်းဂုဏ်ယူပါတယ်။ ရွှေထူးဟာသူရဲ့သီချင်းတွေသာမက ဇာတ်လမ်းတွေကိုပါပရိသတ်ကိုမျှဝေလိုသူဖြစ်တယ်။ ဒီပေါင်းစပ်မှုဟာထူးခြားတဲ့ ခေတ်ပေါ်နည်းပညာအရထွက်ပေါ်လာသော camera phone တစ်ခုကိုဂီတလောကရဲ့ ကြယ်တစ်ပွင့်နဲ့ပေါင်းစပ်လိုက်တာပဲဖြစ်ပါတယ်။ အဆိုတော်ရွှေထူးနဲ့အတူ မြန်မာနိုင်ငံတဝှမ်းက လူငယ်တွေအားလုံး  သူတို့ရဲ့ပျော်စရာအချိန်နဲ့အပြုံးတွေကို မှတ်တမ်းထင်နိုင်မယ်လို့မျော်လင့်ပါတယ်။ OPPO နဲ့အတူ selfie ကိုဆရာကျကျရိုက်နိုင်ပါပြီ” ဟု OPPO မြန်မာ ၏ ဆက်သွယ်ရေးမန်နေဂျာ ကိုဝေဖြိုးအောင်ကပြော ကြားခဲ့ပါသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင်ညနေ၂ နာရီမှ ၄နာရီ အထိရာပေါင်းများစွာသော ပရိသတ်များသည်ရွှေထူး ခင်ဝင့်ဝါတို့နှင့်အတူတကွ selfie ရိုက်ကူးခြင်းကိုပျော်ရွှင်စွာဆောင်ရွက်ခဲ့ပါသည်။ OPPO F1s သို့မဟုတ် အောက်တိုလဘာလထုတ် MODA မဂ္ဂဇင်းဝယ်ယူသူတိုင်း နာမည်ကျော်နှစ်ဦးနှင့်  တွေ့ဆုံမိတ်ဆက်ခြင်း အစီအစဉ်ကို တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ OPPO၏အခြားအစီအစဉ်များကို မကြာမီထပ်မံတင်ပြသွားမည်ဖြစ်ပြီး OPPO မြန်မာ အကြောင်း အသေးစိပ်သိရှိလိုပါက www.facebook.com/oppomyanmar တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။


Cd;myanmardigitallife