• တယ်လီနော သုံးစွဲသူများ အနေနှင့် တစ်လလျှင် အင်တာနက် ဒေတာ 1GB အခမဲ့ သုံးစွဲခွင့်အား ၆ လ ဆက်တိုက်ရရှိမည်။
  • ယခုလက်ရှိ ဆင်းကတ်သုံးစွဲသူများ၏ ၆၄% သည် အင်တာနက် ပုံမှန်သုံးစွဲသူများဖြစ်သည်။
 တယ်လီနောမြန်မာလိမီတက် (“တယ်လီနော”)သည် သုံးစွဲသူများအတွက် ဟန်းဆက် အမျိုးအစားသစ်တစ်မျိုးကို ယနေ့ မိတ်ဆက်လိုက်ပါသည်။ T500 4G ဟန်းဆက်ကို တယ်လီနော၏ ကိုယ်ပိုင် အရောင်းဆိုင်များနှင့် လက်လီဆိုင်များတွင် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ တယ်လီနောသည် T100M၊ T200M၊ T300M၊ T400M နှင့် T600M ဟန်းဆက်များကိုလည်း အောင်မြင်စွာ မိတ်ဆက်ထားပြီးဖြစ်ပါသည်။
T500 4G ဟန်းဆက်သည်မြန်မာနိုင်ငံ၏ ဈေးနှုန်းအသက်သာဆုံး 4G ဟန်းဆက်များထဲမှ တစ်ခုဖြစ်ပြီး သုံးစွဲသူများ အတွက် ၁၈ လ အာမခံပါဝင်သည်။ T500 4G ဟန်းဆက်ကို ဝယ်ယူအားပေးသူများ အနေနှင့် တစ်လလျှင် အင်တာနက် ဒေတာ 1GB အခမဲ့ သုံးစွဲခွင့်အား ၆ လကြာ ရရှိမည်ဖြစ်ပါသည်။
T500 4G ဟန်းဆက်အားခေတ်ဆန်၍ ပါးလွှာသောဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး 2.5D arc glass screen အသုံးပြုထားပါသည်။ နောက်ကင်မရာမှာ hi-res 8 Mpx ပါရှိပြီး ရှေ့ကင်မရာမှာ 5 Mpx ပါရှိသည်။ ဆင်းကတ်နှစ်ခု အသုံးပြုနိုင်သည့် touch-screen အမျိုးအစား T500 4G ဟန်းဆက်သည် အိတ်ဆောင်အရွယ်အစားဖြစ်၍ သုံးစွဲသူများအား စတိုင်ကျနစေပြီး ကောင်းမွန်သော ခံစားမှုကို ရရှိစေမည်ဖြစ်သည်။
အဆိုပါ ဟန်းဆက်အား လူကြိုက်များသော အရောင်များဖြစ်သည့် Champagne Gold နှင့် Stylish Gray အရောင်များဖြင့် ရရှိနိုင်သည်။ မျက်နှာပြင်မှာ ၅ လက်မကျယ်ပြီး 1 GB RAM ပါရှိသည်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ 8 GB အထိ သိမ်းဆည်းနိုင်ပြီး ဘက်ထရီအနေနှင့် မြင့်မားစွာ စွမ်းဆောင်နိုင်သော 2700 mAh Li-Polymer အမျိုးအစားကို အသုံးပြုထားသည်။ အဆိုပါ T500 4G အမျိုးအစား စမတ်ဖုန်း၏ဈေးနှုန်းမှာ ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် ၁၁၀,၀၀၀ ကျပ်သာကျသင့်မည်ဖြစ်သည်။
“မြန်မာပြည်က ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအကြားမှာ စမတ်ဖုန်းအသုံးပြုမှုနှုန်း မြင့်မားလာသလို မိုဘိုင်းဒေတာ လိုအပ်ချက်မြင့်မားလာတာကိုလည်း ကျွန်တော်တို့က တွေ့မြင်နေရပါတယ်။ လက်ရှိ 2G နဲ့ 3G ဝန်ဆောင်မှုတွေသာမကပဲ 4G ဝန်ဆောင်မှုတွေကိုပါ အသုံးပြုလို့ရတာကြောင့် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို အပြည့်အဝ ပျော်ရွှင် စိတ်ချမ်းသာအောင် အကူအညီပေးနိုင်မယ့် ဒီ 4G စမတ်ဖုန်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ တန်ဖိုးနည်းပေမယ့် အရည်အသွေးမြင့်မားတဲ့ T500 4G က ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို အင်တာနက်ကနေတဆင့် အကျိုးကျေးဇူးတွေ သက်သောင်သက်သာနဲ့ ရရှိခံစားနိုင်မယ့် အတွေ့အကြုံတွေကို ရရှိစေပါလိ့မ်မယ်။” ဟု တယ်လီနောမြန်မာမှ Chief Marketing Officer ဖြစ်သူ Joslin E Myrthong က ပြောကြားသည်။
တယ်လီနော၏ 4G ကွန်ရက်အား ဇူလိုင်လအတွင်းတွင် နေပြည်တော်၌ စတင်မိတ်ဆက်ခဲ့ပြီး လှိုင်းကြိမ်နှုန်း ထပ်မံရရှိမည့် အပေါ်မူတည်၍ တယ်လီနော အနေနှင့် အခြားသော မြို့များကိုပါ ထပ်မံ ချဲ့ထွင်သွားမည်ဖြစ်သည်။မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျှင်မြန်ဆုံးတိုးတက်နေသည့် အင်တာနက်နှင့် ဖြန့်ချိရေးကွန်ရက် ဖြစ်သည့် တယ်လီနောသည် ယခု လက်ရှိတွင် နိုင်ငံတစ်ဝှမ်းရှိ တာဝါတိုင် အရေအတွက် ၆,၄၀၀ ကျော်နှင့် ပြည်နယ်နှင့်တိုင်းအားလုံးမှ သုံးစွဲသူစုစုပေါင်း ၁၇ သန်းကျော်အား ဝန်ဆောင်မှုပေးနေသည်။