Huawei Phone ကြောင့် အသက် မသေတဲ့ လူ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Huawei Phone ကြောင့် အသက် မသေတဲ့ လူ

Huawei Phone က လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်ပါတယ်။ တောင်အာဖရိကမှ စီးပွားရေး လုပ်ငန်းရှင်ဟာ ဓါးပြတိုက်မှုတစ်ခုမှာ ရင်ဘတ်ကို အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခံရပါတယ်။ အသက် ၄၁ နှစ်အရွယ် Siraaj Abraham ဟာ Cape Town ရှိ သူ့အိမ် အပြင်ဘက်မှာ သေနတ်ဖြင့် ပစ်ခံရတာပါ။ မျက်နှာဖုံးစွပ်ထားတဲ့ လူက Abraham ထံမှ ၁၉.၅၀ ဒေါ်လာသာ ရတဲ့အတွက် မကျေနပ်ခဲ့ပါဘူး။ ပိုက်ဆံ ရယူပြီးနောက်မှာ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာပါ။ အဲဒီနောက်မှာ Abraham ကို ဆေးရုံ တင်လိုက်ပါတယ်။ အံ့သြစွာပဲ သူဟာ လူကောင်းအတိုင်း ရှိနေပါတယ်။ မကြာခင်မှာတော့ သူ့ရဲ့ Huawei Phone ဟာ ထိခိုက်ပျက်ဆီးနေတာကို သတိထားမိလိုက်ပါတယ်။ အရှေ့ဘက် အင်္ကျီ အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ Huawei P8 Lite က သူ့အသက်ကို ကယ်တင်လိုက်တာဖြစ်ပါတယ်။ ၉ မီလီမီတာ ကျည်ကို ဖုန်းက တိုးမပေါက်အောင် ကာကွယ်ထားပါတယ်။ Huawei က သူ့ကို Huawei P9 Lite တစ်လုံးကို အခမဲ့ လက်ဆောင်ပေးခဲ့ပါတယ်။

Credit-digitallife

www.nyilattun.com

Huawei Phone ကြောင့် အသက် မသေတဲ့ လူ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 10:02 AM Rating: 5   Huawei Phone က လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်ပါတယ်။ တောင်အာဖရိကမှ စီးပွားရေး လုပ်ငန်းရှင်ဟာ ဓါးပြတိုက်မှုတစ်ခုမှာ ရင်ဘတ်ကို အနီးကပ် ...

No comments: