Breeze of Midnight
သန်းခေါင်ယံလေညင်း
B.O.M မှာ vocal က သော်တာချမ်းမြေ့ဖြစ်ပြီး
ရွှေထွဋ်က guitar,
Bass က ဘတ်တာ၊
ဇေယျာမင်းက KB ဖြစ်ပြီး
Drum ကိုတော့ ကျော်ဇင်က တီးထားပါတယ်။ ဒီအယ်လ်ဘမ်ကို KZ နဲ့ Together Studio တို့မှာအသံသွင်းယူခဲ့ပြီး mixing & mastering ကို ငွေဇာ (verse)က တာဝန်ယူပေးထားပါတယ်။ ဟာမိုနီကတော့ Jubal အဖွဲ့ပါ။
Prelude နဲ့စထားပြီး
အိပ်မက်ဆိုး၊
ခေါင်းစဉ်မဲ့၊
စိတ်ကြိုက်၊
ဂန္တဝင်မြစ်၊
ဒဏ်ရာအကြွင်း၊
အစွန်းနှစ်ဖက်၊
ပြန်ခဲ့လိုက်ပါ၊
အစိမ်းရောင်မြား၊
လူဆေး၊
can't you see.... စတဲ့
သီချင်းဆယ်ပုဒ် ပါဝင်ပါတယ်။
သီချင်းတွေကို မီဂျူး၊ သားကြီး၊ ဧကန်နဲ့သောင်းလှိုင်တို့က ရေးဖွဲ့ပေးထားပါတယ်။ ဒီအယ်လ်ဘမ်ထဲက ခေါင်းစဉ်မဲ့၊ အစွန်းနှစ်ဖက်၊ အစိမ်းရောင်မြား၊ လူဆေး ...စတဲ့သီချင်းတွေကို ပိုငြိမိပါတယ်။ B.O.M ရဲ့မူပိုင်ဖြစ်ပြီး CMP ကနေ ဖြန့်ချိထားပါတယ်။
B.O.M ဆိုတာ အမျိုးသမီးတစ်ယောက်ပါဝင်တဲ့ Rock Band တစ်ခုပါ။ သော်တာချမ်းမြေ့ရဲ့ vocal power ကို မြည်းစမ်းကြည့်ကြပါဦး။ B.O.M ရဲ့လှုပ်ရှားမှုတွေကို ထပ်မံမတွေ့ရတော့ပေမယ့် သော်တာချမ်းမြေ့ကိုတော့ အုပ်စုခွေတစ်ခွေမှာ တွေ့ဖူးသလို skynet music channel ရဲ့ အစီအစဉ်တစ်ခုမှာ ရံဖန်ရံခါ တွေ့ရှိနေရပါတယ်။
Link from ko axle rose

Credit==>>#ဂီတအကြောင်း-သောင်းပြောင်းထွေလာ
No comments: