မျက်နှာပြင်အကျယ်၎.၇လက်မရှိ Y31A ကို Vivo ထုတ်လုပ် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

မျက်နှာပြင်အကျယ်၎.၇လက်မရှိ Y31A ကို Vivo ထုတ်လုပ်

 
တရုတ်ကုမ္ပဏီ Vivo ဟာ ပြီးခဲ့တဲ့ လတုန်းက တန်ဖိုးနည်းစမတ်ဖုန်း Y31 ကို ထုတ်လုပ်ပြီးနောက်မှာ ယခုအခါ Y31A ကိုတရုတ်နိုင်ငံမှာ စတင်ထုတ်လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်းအနေနဲ့ ဈေးနှုန်းဟာ တရုတ်ယွမ်ငွေ ၉၉၉ (ကျပ် ၁၉၀၀၀၀နီးပါး) ရှိမှာဖြစ်ပါတယ်။ ဘယ်အချိန်ဖြန့်ချိမယ်ဆိုတာတော့ ပြောကြားခြင်းမရှိသေးပါဘူး။
Vivo Y31A ဟာ Dual-SIM ထောက်ပံ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Android 5.0 Lollipop ကိုအသုံးပြုထားပါတယ်။ တခြားလုပ်ဆောင်ချက်တွေကတော့ ၄.၇လက်မအကျယ် qHD (540×960 Pixels) Resolution IPS မျက်နှာပြင်ကို အသုံးပြုထားတာဖြစ်ပြီး Quad-core Qualcomm Snapdragon 410 ပရော်ဆက်ဆာကိုအသုံးပြုထားတာဖြစ်ပေမယ့် Internal RAM အနေနဲ့ကတော့ 1GB သာပါဝင်မှာဖြစ်ပါတယ်။
Vivo Y31A ဟာ Dual-SIM ထောက်ပံ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Android 5.0 Lollipop ကိုအသုံးပြုထားပါတယ်။ တခြားလုပ်ဆောင်ချက်တွေကတော့ ၄.၇လက်မအကျယ် qHD (540×960 Pixels) Resolution IPS မျက်နှာပြင်ကို အသုံးပြုထားတာဖြစ်ပြီး Quad-core Qualcomm Snapdragon 410 ပရော်ဆက်ဆာကိုအသုံးပြုထားတာဖြစ်ပေမယ့် Internal RAM အနေနဲ့ကတော့ 1GB သာပါဝင်မှာဖြစ်ပါတယ်။
vivo y31a
Internal Storage အနေနဲ့ 16-GB ပါဝင်မှာဖြစ်ပြီး microSD ကတ်ကို 128GB အထိထပ်မံချဲ့ထွင်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ 8-MP ရှိတဲ့ Autofocus ကျောဘက်ကင်မရာ၊ 2-MP ရှိတဲ့ အရှေ့ဘက်မျက်နှာ ကင်မရာပါဝင်တာဖြစ်ပါတယ်။ Vivo Y31A ဟာ 4G Network နဲ့ အလုပ်လုပ်တဲ့စနစ်ပါဝင်ပြီး Wi-Fi, Bluetooth 4.0 နဲ့ GPS, စတဲ့ ချိတ်ဆက်စနစ်တွေပါဝင်ပါတယ်။
Vivo Y31A ဟာ အတိုင်းအတာအနေနဲ့ 132.2×68.3×8.3mm ရှိပြီး အလေးချိန်ကတော့ ၁၄၁ ဂရမ်ရှိမှာဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 2100mAh ဘက်ထရီပါဝင်မှာဖြစ်ပြီး Accelerometer, Proximity Sensor နဲ့ Photosensitive Sensor တို့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Vivo ဟာ ဒီလအစောပိုင်းက 6GB ရှိတဲ့ internation စမတ်ဖုန်းတွေထဲက အစောပိုင်းဖုန်းတစ်မျိုးဖြစ်တဲ့ Vivo Xplay5 Lite ကို ဖြန့်ချိခဲ့ဖူးတာလည်းဖြစ်ပါတယ်။

Ref: Gadgets360
Credit - digitaltimes.com.mm 
 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 

မျက်နှာပြင်အကျယ်၎.၇လက်မရှိ Y31A ကို Vivo ထုတ်လုပ် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 1:08 AM Rating: 5   တရုတ်ကုမ္ပဏီ Vivo ဟာ ပြီးခဲ့တဲ့ လတုန်းက တန်ဖိုးနည်းစမတ်ဖုန်း Y31 ကို ထုတ်လုပ်ပြီးနောက်မှာ ယခုအခါ Y31A ကိုတရုတ်နိုင...

No comments: