Siri နဲ့ Google Now တို့ကို ယှဉ်ပြိုင်နိုင်မယ့် Hound AI အက်ပလီကေးရှင်း Android နဲ့ iOS မှာ ထွက်ရှိလာ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Siri နဲ့ Google Now တို့ကို ယှဉ်ပြိုင်နိုင်မယ့် Hound AI အက်ပလီကေးရှင်း Android နဲ့ iOS မှာ ထွက်ရှိလာ

Apple ရဲ့ Siri ၊ Google ရဲ့ Google Now နဲ့ Microsoft ရဲ့ Cortana စတဲ့ AI စနစ်သုံး ဒီဂျစ်တယ်အကူအညီ ဆော့ဖ်ဝဲတွေကို အဓိကယှဉ်ပြိုင်မယ့် Hound ဆိုတဲ့ အက်ပလီကေးရှင်းဟာ Android နဲ့ iOS မှာ တရားဝင် ထွက်ရှိလာပြီဖြစ်ပါတယ်။
Android မှာ မနှစ်ကတည်းက beta အနေနဲ့ ထွက်ရှိခဲ့တာဖြစ်ပြီး၊ လူစိတ်ဝင်စားမှုအများအပြားခံခဲ့ရတဲ့ Hound အက်ပလီကေးရှင်းကို ကိုးနှစ်ကြာ သုတေသနလေ့လာမှုတွေလုပ်ခဲ့ပြီးနောက်၊ အခုလို တရားဝင်ထွက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Hound အက်ပလီကေးရှင်းဟာ Siri တို့ Google Now တို့လိုပဲ ဖုန်းကနေ အသံနဲ့စေခိုင်းနိုင်တဲ့ digital assistant ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ alarm ပေးတာ၊ မိုးလေ၀သအခြေအနေပြောခိုင်းတာ စတာတွေအပြင် ဟာသတွေကိုပါပြောပေးနိုင်တဲ့ AI စနစ်သုံး အက်ပလီကေးရှင်းဖြစ်ပါတယ်။
Hound ကို လွယ်ကူတဲ့စေခိုင်းမှုတွေအပြင်၊ “နယူးယော့ခ်မှာ တစ်ည ဒေါ်လာ ၂၀၀ ထက်နည်းတဲ့ဟိုတယ်တစ်လုံးလောက် ရှာပေးပါကွာ၊ အိမ်မွေးတိရိစ္ဆာန်တွေလည်း ယူလာလို့ ရပြီး၊ Wi-Fi လည်းရမယ့် ဟိုတယ်ပေါ့” စတဲ့ ရှုပ်ထွေးတဲ့စေခိုင်းမှုတွေကိုပါ အသံနဲ့တင်စေခိုင်းနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Hound အက်ပလီကေးရှင်းကို အမေရိကန်ပြည်ထောင်စုအတွင်းမှာပဲ ရရှိနိုင်သေးပေမယ့်၊ Android ဖုန်းသုံးသူတွေအနေနဲ့၊ တခြား third-party အက်ပလီကေးရှင်းစတိုးတွေဖြစ်တဲ့ APK Mirror တို့မှာ Hound official apk ကို သွားရောက်ဒေါင်းလုဒ်ရယူစမ်းသပ်နိုင်ပါတယ်။
Ref: Gadgets 360
Credit- digitaltimes


                                                      ညီလတ်ထွန်း(ဘီအမ်း)
                                         www.nyilattun.com
Siri နဲ့ Google Now တို့ကို ယှဉ်ပြိုင်နိုင်မယ့် Hound AI အက်ပလီကေးရှင်း Android နဲ့ iOS မှာ ထွက်ရှိလာ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:18 AM Rating: 5 Apple ရဲ့ Siri ၊ Google ရဲ့ Google Now နဲ့ Microsoft ရဲ့ Cortana စတဲ့ AI စနစ်သုံး ဒီဂျစ်တယ်အကူအညီ ဆော...

No comments: