Micromax Canvas Xpress 4G Q413 ဖုန်းကို CWM Recovery ထည့်သွင်းနည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Micromax Canvas Xpress 4G Q413 ဖုန်းကို CWM Recovery ထည့်သွင်းနည်း

Micromax Canvas Xpress 4G Q413 ဖုန်းကို CWM Recovery ထည့်သွင်းချင်တဲ့
ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိမိဖုန်းကို ကို Root လုပ်မယ် ပြီးရင် Custom Rom များတင်သုံးချင်တယ် ဆိုရင်တော့
 မိမိ Device အတွက် အရင်ဦးဆုံး Recovery ထည့်သွင်းထားပေးရမှာပဲ ဖြစ်ပါတယ်။ 

လိုအပ်ချက်များ
=========
ဖေါ်ပြ Custom Recovery ထည့်သွင်းနည်းသည် Micromax Canvas Xpress 4G Q413အတွက်
သီးသန့်ဖြစ်ပြီး တစ်ခြား Device များတွင် နည်းလမ်းအတိုင်း ထည့်သွင်းခြင်းမျိုး မပြုလုပ်ပါရန်
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ဖုန်းမှာ Settings > Developer Options > USB Debugging Mode ကို
Enable ကိုပြုလုပ်ပေးထားလိုက်ပါ။
How to Install TWRP Recovery
===================
အပေါ်မှာ လိုအပ်များကို အရင်ဒေါင်းလော့ရယူလိုက်ပါ၊
 ပြီးရင် ကွန်ပျူတာတွင် လိုအပ်မယ့် USB Driver ကို Install ပြုလုပ်လိုက်ပါ။
TWRP Recovery.zip ဖိုင်ကိုဖြေလိုက်ပါ
ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။
Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
“MT67xxx_Android_scatter.txt” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။
Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။
ပြီးသွားတဲ့အခါ Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ TWRP Recovery ကိုထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
Micromax Canvas Xpress 4G Q413 ဖုန်းကို CWM Recovery ထည့်သွင်းနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 10:49 PM Rating: 5 Micromax Canvas Xpress 4G Q413 ဖုန်းကို CWM Recovery ထည့်သွင်းချင်တဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိမိဖုန်းကို ...

No comments: