Huawei Mate 8 - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Huawei Mate 8

Device Support : Huawei
Pirce : USD 699

အားသာချက်
တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ဖွဲ့စည်း တည်ဆောက်ထားသော CPU, GPU, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သည့်အပြင် ဖုန်းအချက်အလက် လုံခြုံရေးအတွက်လည်း Finger Print စနစ် ပါဝင်သည်။ Finger Print တွင် အခြားစနစ်များကိုပါ တွဲဖက်အသုံးပြုနိုင်ပြီး ကင်မရာပိုင်း၊ Screen ပိုင်းနှင့် မှတ်ဉာဏ်ပိုင်း တို့တွင်လည်း ကောင်းမွန်သည်။
အားနည်းချက်
Sim Card နှစ်ကတ်အား အတွဲလိုက်ပုံစံဖြင့် Card Slot တစ်ခုတည်းတွင် ပြုလုပ်ပေးထားပြီး ယင်း Sim Slot နှစ်ခုတွင် SD Card Slot ကိုပါ တစ်ပါတည်း တွဲထားခြင်းကြောင့် Sim Card ဖြစ်စေ SD Card ဖြစ်စေ တစ်ခုခုကို ထုတ်သွင်းပြုလုပ်ချင်သည့် အချိန်တိုင်း ကတ်အားလုံးကို ထုတ်သွင်း ပြုလုပ်နေရမည် ဖြစ်သည်။
မြင်ကွင်း
၆.၀ လက်မရှိသော IPS-NEO Screen ဖြစ်ပြီး 1080 x 1920 Pixels (~368 ppi pixel density) ထိ ရရှိနိုင်မည် ဖြစ်သည်။
ဒီဇီုင်း
ပါးလွှာသော ပုံစံမျိုးရှိနေသော်လည်း အရမ်းပါးလွှာသော ဖုန်းအမျိုးအစားမျိုး မဟုတ်ဘဲ အနည်းငယ် ထုထည်ရှိသော ပုံစံမျိုး တည် ဆောက်ထားသည်။ အရွယ်အစား ကြီးမားပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၇၁ စင်တီမီတာ၊ ဘေးတိုက် အကျယ် ၈.၀၆ စင်တီမီတာနှင့် ထုထည်မှာ ၀.၇၉ စင်တီမီတာဖြစ်ပြီး အလေးချိန်မှာ ၁၈၅ ဂရမ် ဖြစ်သော်လည်း အရွယ်အစားနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပေါ့ပါးသော ဖုန်းဖြစ်သည်။ စပီကာများအား ဖုန်းအောက် ခြေဘောင်ရှိ USB Port ၏ ဘေးဘယ်ညာ တစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ပေးထားပြီး နောက်ဘက် ကင်မရာမှာ ကိုယ်ထည်မှ အနည်းငယ် ဖောင်းကြွနေသော ပုံစံမျိုးရှိသည်။ လေးထောင့်ဆန်သော ပုံစံမျိုးဖြစ်သည်။
နည်းပညာ
ဖုန်းအောက်ခြေရှိ Home, Back, Menu အစရှိသော Android Key များအား မိမိစိတ်ကြိုက် ပုံစံမျိုးပြောင်းလဲ အသုံးပြုနိုင်သည့်အပြင် Motion စနစ်ပိုင်းတွင်လည်း Screen ပေါ်တွင် လက်ဖြင့် နှစ်ချက်ခေါက်ပါက Screenshot ပြုလုပ်ပေးသော စနစ်အပါအဝင် အခြားဆန်းသစ်သော ပုံစံများကို မြင်တွေ့ရမည် ဖြစ်သည်။ Finger Print စနစ်မှာလည်း ဖုန်းလုံခြုံရေးအတွက်အပြင် ဓာတ်ပုံရိုက်ခြင်း၊ ဖုန်းအဝင်လက်ခံခြင်း၊ Alarm ပိတ်ခြင်းအစရှိသော လုပ်ဆောင်ချက်များကိုလည်း Finger Print ပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း Audio Note, Slow Mo,  All Focus, Watermark  အစရှိသော စနစ်များအပြင် အလင်းအားနည်းသော နေရာများအတွက် Super Night စနစ်၊ ဓာတ်ပုံ ကင်မရာများကဲ့သို့ Manual စနစ်ဖြင့် ရိုက်နိုင်သော Professional အစရှိသော စနစ်များ ပါဝင်လာသည်။ ရှေ့ကင်မရာစနစ်တွင် Screen Flash စနစ်ပါဝင် လာသောကြောင့် အလင်းအားနည်းသော နေရာများတွင်လည်း Selfie ကောင်းကောင်း ရိုက်နိုင်မည် ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
Quad-core 2.3 GHz Cortex-A72 နှင့် Quad-core 1.8 GHz Cortex A53 တို့ပါဝင်သော Octa core CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Mali-T880 MP4 GPU ကို ထည့်သွင်း ပေးထားသည်။ မှတ်ဉာဏ်မှာ 32GB နှင့် RAM 3GB ပါဝင်ပြီး ထပ်တိုး အသုံးပြုနိုင်ရန်အတွက် Micro SD Card 128GB ထိထပ်တိုး နိုင်မည်ဖြစ်သည်။ 16 Mega Pixel နောက်ကင်မရာ၊ 8 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး v4.2, A2DP, EDR, LE, USB 2.0 နှင့်  Li-Po 4000mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။ GSM စနစ်သုံး ဖုန်းဖြစ်ပြီး 2G/ 3G/ 4G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Nano Sim နှစ်ကတ်အသုံးပြု ရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နှင့်အတူ အတွဲလိုက်ရှိနေမည် ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက Mate8 သည် ဖုန်းတွင်း မှတ်ဉာဏ်ပိုင်း၊ ပါဝါသုံးစွဲမှုအတွက် ဘက်ထရီပိုင်း၊ CPU, GPU, Camera အစရှိသော အစိတ်အပိုင်းတို့တွင် ကောင်းမွန်ပြည့်စုံ သောဖုန်းဖြစ်သည်။ အချက်အလက် လုံခြုံရေးအတွက်လည်း ကောင်းမွန်ပြီး အရွယ်အစား အနည်းငယ် ကြီးမားသောကြောင့် ကိုင်တွယ်အသုံးပြုချိန်တွင် လက်မှလွတ်မကျစေရန် ဂရုစိုက်ရမည် ဖြစ်သည့်အပြင် Card Slot တစ်ခုတည်းတွင် Sim Card နှစ်ခုနှင့် SD Card ကို တွဲထားခြင်းကြောင့် ကတ်တစ်ခု အထုတ်အသွင်း ပြုလုပ်ချင်သည့် အချိန်တိုင်း ကတ်အားလုံးကို ထုတ်နေရမည် ဖြစ်သည်။

Credit-  internetjournal

                                                           ညီလတ်ထွန်း(ဘီအမ်း)
                                                     www.nyilattun.com
Huawei Mate 8 Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:46 AM Rating: 5 Device Support : Huawei Pirce : USD 699 အားသာချက် တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ဖွဲ့စည်း တည်ဆောက်ထားသော C...

No comments: