ဖုန်းတွင်းအစိတ်အပိုင်းတွေကို အသုံးပြုသူကိုယ်တိုင် စိတ်ကြိုက်လဲတပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ဖုန်းတွင်းအစိတ်အပိုင်းတွေကို အသုံးပြုသူကိုယ်တိုင် စိတ်ကြိုက်လဲတပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း

မှန်ကွဲသွားတဲ့ဖုန်းတစ်လုံးကို ကိုယ့်ဘာသာ မှန်အသစ်ဝယ်ပြီး လဲတပ်ဖူးပါသလား။ ဖုန်းတွေမှာ မှန်လဲတပ်ရတာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘဲ၊ ဟာ့ဒ်ဝဲပိုင်းကျွမ်းကျင်သူတွေသာ လုပ်နိုင်တဲ့အလုပ် ဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့စမတ်ဖုန်းတွေကို user ကိုယ်တိုင်စိတ်ကြိုက် လဲတပ်၊ ပြင်ဆင်နိုင်အောင် မပြုလုပ်ပေးထားပါဘူး။
ဒါပေမယ့် စမတ်ဖုန်းတွေရဲ့သမားရိုးကျဒီဇိုင်းကို တော်လှန်ပစ်မယ့် စမတ်ဖုန်းတစ်မျိုးထွက်ပေါ်လာပါပြီ။ Fairphone ရဲ့ ဒုတိယမြောက်မျိုးဆက်စမတ်ဖုန်း၊ Fairphone 2 ဟာ LG G5 အရင် ဈေးကွက်ထဲကိုဝင်လာမယ့်၊ မော်ဂျူးအစိတ်အပိုင်းတွေလဲတပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးဖုန်းဖြစ်ပါတယ်။ မှန်ဘီလူးပိုကောင်းတဲ့ကင်မရာကို လိုချင်ရင်၊ ၀က်အူလှည့်တစ်ခုရှိရုံနဲ့ ကိုယ့်စိတ်ကြိုက်ကင်မရာကို လဲတပ်နိုင်သလို၊ မှန်ကွဲသွားရင်လည်း ဆိုင်ပို့စရာမလိုဘဲ၊ ဖုန်းမှန်ဝယ်ကာ၊ မိမိဘာသာအလွယ်တကူတပ်ဆင်နိုင်ပါတယ်။
Fairphone CTO Oliver Hebert ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြသွားတဲ့ဗီဒီယိုအရ၊ Fairphone ရဲ့ မှန်ကို ကိုယ်တိုင်လဲတပ်ဖို့အတွက် ကြာမြင့်ချိန်ဟာ ၂၃ စက္ကန့်ပဲရှိပြီး၊ လဲတပ်ပုံကလည်း လွယ်ကူလွန်းလှတာကို တွေ့ရပါတယ်။


Fairphone 2 ကို သီးခြားအစိတ်အပိုင်းတွေအမျိုးမျိုး ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ထားပြီး၊ ကာဗာ၊ ဘက်ထရီ တို့အပြင် မိုက်ခရိုဖုန်း၊ စပီကာ၊ USB ပေါက် စတာတွေကိုလည်း တစ်ခုချင်းစီ ဖြုတ်/တပ် ပြုလုပ်နိုင်ပါတယ်။ အစိတ်အပိုင်းမှားဖြုတ်တာမျိုး မဖြစ်အောင်၊ စပီကာ၊ကင်မရာစတဲ့ သင်္ကေတပုံလေးတွေ လည်း ပါရှိပြီး၊ အမှားအယွင်းမရှိ ဖြုတ်တပ်နိုင်ပါတယ်။
Fairphone 2 ဟာ ငါးလက်မအရွယ် HD LCD gorilla glass မျက်နှာပြင်ပါရှိပြီး၊ RAM 2GB ၊ ဖုန်းတွင်းမမ်မိုရီ 32 GB တို့ပါရှိကာ microSD ကတ် 64 GB အထိ ထပ်စိုက်နိုင်ပါတယ်။ Android 5.1 Lollipop စနစ်ဖြစ်ပြီး၊ SIM ကတ် အပေါက်နှစ်ပေါက်ပါရှိပါတယ်။
Fairphone 2 ဖုန်းတွေကို လက်ရှိမှာ အမေရိကန်နိုင်ငံကလွဲလို့၊ ကျန်တဲ့ကမ္ဘာ့နိုင်ငံအများအပြားမှာ ယူရို ၅၂၅ ဈေးနှုန်းနဲ့ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။
fair_phone_2
fairphone-18-980x652
Ref: DailyMail, Hothardware
Credit-digitaltimes


                                                                ညီလတ်ထွန်း(ဘီအမ်း)
                                                         www.nyilattun.com    
ဖုန်းတွင်းအစိတ်အပိုင်းတွေကို အသုံးပြုသူကိုယ်တိုင် စိတ်ကြိုက်လဲတပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:13 AM Rating: 5 မှန်ကွဲသွားတဲ့ဖုန်းတစ်လုံးကို ကိုယ့်ဘာသာ မှန်အသစ်ဝယ်ပြီး လဲတပ်ဖူးပါသလား။ ဖုန်းတွေမှာ မှန်လဲတပ်ရတာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘဲ၊ ဟာ့ဒ်ဝဲပိုင်းကျ...

No comments: