Apple အတွက် iPhone SE က မဟာစွန့်စားမှုကြီးလား - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Apple အတွက် iPhone SE က မဟာစွန့်စားမှုကြီးလား








Apple ကုမ္ပဏီကြီးရဲ့ March Event ကို ၂၀၁၆ မတ်လ ၂၁ ရက်မှာ ကျင်းပဖြစ်ခဲ့တယ်။ ထူးခြားဖြစ်စဉ် တစ်ရပ်ကတော့ iPhone SE ကို စတင်ထုတ်လုပ် တော့မှာဖြစ်ကြောင်း ကြေညာလိုက်တာ ဖြစ်တယ်။ iPhone ထုတ်လုပ်မှု သမိုင်းကြောင်း တစ်လျှောက်မှာ များသောအား ဖြင့် နှစ်စဉ်နှစ်ဝက်ကျော်မှသာ iPhone အသစ်ကို မိတ်ဆက်ပေးလေ့ရှိတယ်။ တစ်နည်းအားဖြင့် iPhone update မော်ဒယ်ဆိုတာကို နှစ်ဝက်ကျော်မှသာ မြင်ကြရတယ်။ Apple ပရိသတ်များနှင့် လေ့လာသူတွေအနေနဲ့ iPhone 6s Plus ထုတ်လုပ်မှု ပြီးစီးတဲ့နောက် စက်တင်
ဘာလလောက်မှာ ထွက်ပေါ်လာမယ့် iPhone 7 ကိုသာ အဓိကထား မျှော်မှန်းနေမိကြတယ်။ Apple iPhone တွေရဲ့ ရောင်းအားကို လေ့လာကြည့်တဲ့အခါ နှစ်စဉ်နှစ်တိုင်း ၁ ရာခိုင်နှုန်း မှန်မှန် အစဉ်တစိုက် တိုးမြှင့်လာခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆  ဇန်နဝါရီလ ရောက်တဲ့အခါ သိသိသာသာကြီး ရောင်းအားနှေးကွေး ကျဆင်းလာတာကို တွေ့ကြရတယ်။ ဒီအတွက်ကြားဖြတ် အစီအစဉ်အနေနဲ့ iPhone SE ကို မတ်လ ၂၁ ရက်မှာ စတင်မိတ်ဆက် ရောင်းချဖို့ ဖြစ်လာတယ်လို့ အားလုံးက သုံးသပ်မိကြတယ်။


iPhone သမိုင်းကြောင်းကို ပြန်ကြည့်ရင် Apple ရဲ့ခြေလှမ်းသစ်အပေါ် ပိုပြီးစိတ်ဝင်စားစရာ ဖြစ်စေတယ်။ ပထမဆုံး iPhone ဆိုတာကို ၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တယ်။ iPhone စတင်ရောင်းချမှုက အောင်မြင်တဲ့ ဈေးကွက်တစ်ခုကို ဖြစ်လာစေတယ်။ စမတ်ဖုန်း ထုတ်လုပ်ရေး လောကကြီးကို တပ်လှန့်သလိုပင် ဖြစ်သွားခဲ့တယ်။ iPhone များကို ၂၀၀၇ ခုနှစ် ကစပြီး နှစ်ဝက်ကျိုးတိုင်း မော်ဒယ်အသစ်ကို  ချပေးလေ့ရှိတယ်။

iPhone 3GS ကို ၂၀၀၉  ခုနှစ်  ဇွန်လမှာချပေးတယ်။ iPhone 4 ကို ၂၀၁၁ ခုနှစ် ဇွန်လမှာ စတင်ရောင်းချစေပြီး iPhone 4S ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ မိတ်ဆက်ရောင်းချမှုတွေ အစဉ်တစိုက် လုပ်ခဲ့တာ ဖြစ်တယ်။ ပထမဆုံး iPhone ကနေ iPhone 4S အထိ ၃.၅ လက်မ အရွယ် screen နဲ့သာ ထုတ်လုပ်လာခဲ့တာ ဖြစ်တယ်။

iPhone ရဲ့ ဈေးကွက်ပြိုင်ပွဲဝင် စမတ်ဖုန်း ထုတ်လုပ်သူများက Screen အရွယ်အစားကြီးကြီးနဲ့ ထုတ်လုပ်ကြပြီး feature အသစ်အသစ်တွေနဲ့ ဦးဆောင်ထုတ်လုပ် ကြပေမယ့် iPhone တွေရဲ့ ပေါ်ပြူလာဖြစ်မှုကို မလွှမ်းမိုးနိုင်ခဲ့ကြပေ။ ဒါပေမဲ့ Apple က iPhone 5 နဲ့ iPhone 5S တို့ကို Screen အရွယ်အစား  ၄ လက်မနဲ့ ထုတ်လုပ်ခဲ့ပြီး iPhone 6 ကို ၂၀၁၄ ခုနှစ်စက် တင်ဘာလမှာ ၄ .၇ လက်မ အရွယ်အစားနဲ့ ထုတ်လုပ်ယူတယ်။ နောက်ဆုံး ပြိုင်ဘက်တွေက Phablet လို့ အမည်တွင်စေတဲ့ စမတ်ဖုန်းတွေကို screen size ၆ လက်မ အရွယ်အစားအထိ ထုတ်လုပ်လာတာကြောင့် iPhone 6 နဲ့ iPhone 6s Plus များလို screen အရွယ်အစား ၅.၅ လက်မနဲ့ ထုတ်လုပ်ရောင်းချ ခဲ့ရတယ်။ ထုံးစံအတိုင်း ၂၀၁၆  စက်တင်ဘာလလောက်မှာ ၅.၅ လက်မ အရွယ်အစားထက်မငယ်တဲ့ iPhone 7 ကို ထုတ်လာလိမ့်မယ်လို့ အားလုံးက ခန့်မှန်းထားခဲ့ကြတာ အမှန်ပင် ဖြစ်တယ်။



iPhone SE ကို Apple ရဲ့ နောက်ဆုံးထုတ် iOS စမတ်ဖုန်းအဖြစ် March Events မှာ မိတ်ဆက် ကြေညာလိုက်တဲ့ သဘောက iPhone ရောင်းအားကျဆင်းမှုကို ထိန်းချုပ်နိုင်ဖို့ အစီအမံအဖြစ် နားလည်ကြရလေမလားလို့ ဝေဖန်ပြောကြားမှုတွေ ရှိကြတယ်။ ၄ လက်မအရွယ် Screen တပ်ဆင်ထားပြီး ပလတ်စတစ် ကိုယ်ထည်နဲ့ ထုတ်လုပ်ထားတာကြောင့် သတ်မှတ်ရောင်းဈေးမှာ 16GB  မော်ဒယ်အတွက် 399 ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရတယ်။ လည်ပတ်ဆောင်ရွက်ပေးမယ့် ပရိုဆက်ဆာက iPhone 6s မှာ အသုံးပြုခဲ့တဲ့ A9 Processor ဖြစ်တယ်။ Live Photo ကို ပံ့ပိုးဆောင်ရွက် ပေးနိုင်မယ့် 12 megapixel ကင်မရာ တပ်ဆင်ထားပေးတယ်။  Apple ရဲ့ GIF-like moving image ကို ရိုက်ကူးရယူ နိုင်ပါလိမ့်မယ်။ Apple Pay ဆောင်ရွက်နိုင်ပြီး NFC  စနစ် အသုံးချနိုင်စေမှာ ဖြစ်တယ်။

ဝေဖန်ဆန်းစစ် သူများကတော့ Phablet တွေ ပေါ်ပြူလာ ဖြစ်နေချိန်မှာ ဈေးနှုန်းချိုသာပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်နဲ့ iPhone ကို ထုတ်လုပ်ခြင်းက မဟာစွန့်စားမှုကြီးလို့ ရှုမြင်သုံးသပ်ကြတယ်။ Apple ပရိသတ်တွေထဲမှာ ဈေးနှုန်း ချိုသာပြီး Screen အရွယ်အစား သေးတဲ့ iPhone အပေါ် စိတ်ဝင်စားမှု ရှိနိုင်ပါမလားလို့ တွေးဆမိကြတာ ဖြစ်တယ်။ ဥရောပနဲ့ အာရှဈေးကွက်အတွက်  အောင်မြင်နိုင်စရာ အကြောင်းရှိပေမယ့် အမေရိကန်ဈေးကွက်မှာတော့ အောင်မြင်စရာ အကြောင်းမရှိပေ။

iPhone SE ရဲ့ Screen အရွယ်အစားက ၄ လက်မ ရှိတဲ့အတွက် iPhone 5 တို့ iPhone 5s တို့နဲ့ ဒီဇိုင်းပုံစံ တစ်ထပ်တည်း အတူတူ ဖြစ်နေမှာ မဟုတ်ပေ။ iPhone6 family ပုံစံဒီဇိုင်းကို ယူထားတာ ဖြစ်တယ်။ ဒီအတွက် Cases တို့ Peripherals တို့ Chagers တို့ holders တို့ အားလုံးကလည်း သီးခြားဒီဇိုင်းတွေ ဖြစ်နေကာ iPhone SE အတွက် သီးခြားထပ်မံ ဝယ်ယူအသုံးပြုကြရမယ့် အခြေအနေရှိတယ်။ မော်ဒယ်အသစ်တစ်ခုကို လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပုံစံဒီဇိုင်းနဲ့ ရောင်းချတဲ့အခါ ဝင့်ဝင့်ကြွားကြွား ရောင်းချနိုင်မယ့် ဈေးကွက်တစ်ခု ဖြစ်လာနိုင်စရာ အကြောင်းမရှိလို့ ကောက်ချက်ချကြတယ်။

6S family ထုတ်လုပ်စဉ်ကထက် မော်ဒယ်သစ် တစ်ခုအနေနဲ့ ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုနဲ့ ဆွဲဆောင်သင့်တယ်။ 3D Touch မပါတဲ့အတွက် စုံစုံမက်မက် တက်တက်ကြွကြွ ဝယ်ယူမယ့် အင်အားနည်းနေ စေနိုင်တယ်။ iPhone SE ကို 16 GB ဒါမှမဟုတ် 64 GB ဆိုတဲ့ ရွေးချယ်မှု ၂ ခု ရှိပါလိမ့်မယ်။ 16GB ရဲ့ ကန့်သတ်မှုကလည်း iOS 9 အတွက် အတားအဆီးတစ်ခု ဖြစ်လာနိုင်စေမယ်။ ဒါပေမဲ့ တပ်ဆင်ပါရှိလာတဲ့ ကင်မရာက 4K Video recording ရရှိပြီး ဓာတ်ပုံများအတွက် 12 megapixel အရည်အသွေး ရနိုင်တာကြောင့် ဝယ်ယူအသုံးပြု သူတွေ ကျေနပ်စရာ ဖြစ်နေပါလိမ့်မယ်။ iOS 10 အထိ upgrade လုပ်ယူနိုင်မယ်လို့ ဆိုညွှန်းချက်ကလည်း ဝယ်ယူအသုံးပြု သူတို့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နိုင်တယ်။ ၂၀၁၉ ခုနှစ် ၂၀၂၀ ခုနှစ် လောက်အထိ ဆော့ဖ်ဝဲများကို update လုပ် အသုံးပြုနိုင်တဲ့ အခွင့်အလမ်း ဖြစ်နေတယ်။

Apple ပရိသတ်က iPhone 6s Plus ထုတ်လုပ်ရောင်းချပြီးတဲ့ နောက်ပိုင်း Level မြင့်မြင့်မားမား ပိုရှိစေနိုင်မယ့် iPhone 7 ကို မှန်းဆရင်း ကောလာဟလတွေနဲ့ ပြောဆိုနေကြချိန်မှာ လွန်ခဲ့တဲ့ ၄ နှစ်က iPhone အရွယ်အစားနဲ့ ပလတ်စတစ်ကိုယ်ထည် တည်ဆောက်ကာ ဈေးနှုန်း ချိုသာစွာ ရောင်းချလိုက်တဲ့ အယူအဆက မဟာစွန့်စားခန်းကြီးလို့ ပြောစရာဖြစ်နေတယ်။ Apple ဆိုရင် သစ်ရမယ်။ ဆန်းရမယ်၊ ဈေးနှုန်းကြီးမြင့်တယ်လို့ နားလည်ထားကြသူများကို ဘယ်လို အကျိုးသက်ရောက် စေမလဲဆိုတာ စောင့်ကြည့်ရန်သာ ရှိပါတော့တယ်။

Credit Internetjournal
Apple အတွက် iPhone SE က မဟာစွန့်စားမှုကြီးလား Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:54 AM Rating: 5 Apple ကုမ္ပဏီကြီးရဲ့ March Event ကို ၂၀၁၆ မတ်လ ၂၁ ရက်မှာ ကျင်းပဖြစ်ခဲ့တယ်။ ထူးခြားဖြစ်စဉ် တစ်ရပ်ကတော့ iPhone SE ကို စတင်ထုတ်လုပ...

No comments: