အရွယ်သေးငယ်ပြီး ဘက်ထရီတာရှည်ခံသော Yoga hybrid များကို Lenovo မိတ်ဆက် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

အရွယ်သေးငယ်ပြီး ဘက်ထရီတာရှည်ခံသော Yoga hybrid များကို Lenovo မိတ်ဆက်

ဘာစီလိုနာမြို့၌ ကျင်းပခဲ့သော MWC 2016 တွင် Lenovo က ဈေးသင့်တင့်သော Yoga 700 series နှင့် ဈေးသက်သာသော Yoga 500 series တို့ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ အမျိုးအစားသစ်နှစ်မျိုးတွင် CPU သစ်များပါဝင်ပြီး ဘက်ထရီကလည်း တာရှည်ခံကြောင်း သိရသည်။
Yoga 710 ကို ၁၁ လက်မအရွယ်အမျိုးအစားနှင့် ၁၄ လက်မအရွယ်အမျိုးအစားတို့ဖြင့် ရရှိနိုင်သည်။ ၁၁ လက်မအရွယ်တွင် စွမ်းအင်သုံးစွဲမှုနည်းပါးသော Intel Core M ပရိုဆက်ဆာ၊ 8GB RAM နှင့် 256GB SSD တို့ကို အသုံးပြုထားသည်။ ၁၄ လက်မ Yoga 710 တွင် Core i-series CPU, Nvidia GeForce 940M ဂရပ်ဖစ်တို့ကို အသုံးပြုထားသည်။ ၁၁ လက်မအရွယ်သည် အလေးချိန် ၂.၃၅ ပေါင်ရှိပြီး ၁၄ လက်မအရွယ်က ၃.၆၃ ပေါင်ရှိသည်။

အဆိုပါ အမျိုးအစားနှစ်မျိုးစလုံးတွင် 1,920 x 1,080 resolution IPS screen များကို အသုံးပြုထားသည်။ တန်ဖိုးမှာ ၁၁ လက်မ Yoga 710 အတွက် ၄၉၉ ဒေါ်လာဖြစ်ပြီး ၁၄ လက်မအမျိုးအစားအတွက် ၇၉၉ ဒေါ်လာဖြစ်သည်။
Yoga 510 ကို ၁၄ လက်မနှင့် ၁၅ လက်မအမျိုးအစားများဖြင့် ရရှိနိုင်သည်။ ၎င်းတို့တွင် 1,920x1,080 IPS touchscreen များပါဝင်ပြီး Core i-series CPU များကို အသုံးပြုထားသည်။ Yoga 510 ကို ၅၉၉ ဒေါ်လာဖြင့် စတင်ရောင်းချမည်ဖြစ်သည်။

ဥရောပတွင် 710 နှင့် 510 အမျိုးအစားများကို ဧပြီလနှင့် မေလတွင် စတင်ရောင်းချမည်ဖြစ်ပြီး အမေရိကန်တွင် ဇူလိုင်လမှ ရောင်းချမည်ဟု သိရသည်။
Ref: CNET
Credit- internetjournal

                                                                   ညီလတ်ထွန်း(ဘီအမ်း)
                                                             www.nyilattun.com
အရွယ်သေးငယ်ပြီး ဘက်ထရီတာရှည်ခံသော Yoga hybrid များကို Lenovo မိတ်ဆက် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:45 PM Rating: 5 ဘာစီလိုနာမြို့၌ ကျင်းပခဲ့သော MWC 2016 တွင် Lenovo က ဈေးသင့်တင့်သော Yoga 700 series နှင့် ဈေးသက်သာသော Yoga 500 series တို့ကို မိတ်...

No comments: