Samsung Galaxy Tab 2 7.0 GT-P3100 Tab ဗားရှင်း 4.0.3 Root လုပ်နည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Samsung Galaxy Tab 2 7.0 GT-P3100 Tab ဗားရှင်း 4.0.3 Root လုပ်နည်း

Samsung Galaxy Tab 2 7.0 GT-P3100 Tab ဗားရှင်း 4.0.3 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
Auto Root ဖိုင်များကို ထုတ်လုပ်ပေးနေတဲ့ chainfire ကိုတော့ ကျေးဇူးမတင်လို့မရတော့ပါ
Samsung Device အများစုကို Root လုပ်လို့ရအောင် ကူညီပေးနေတာလည်းဖြစ်ပါတယ်။

ဒီ Tab ကိုလည်း Auto Root ဖိုင်ဖြင့် Odin ကနေအလွယ်တကူ
Flash ပေးပြီး Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy Tab 2 7.0 GT-P3100 အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Version Android 4.0.3 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
========================
ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 
Samsung Galaxy Tab 2 7.0 GT-P3100 Tab ဗားရှင်း 4.0.3 Root လုပ်နည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:02 AM Rating: 5 Samsung Galaxy Tab 2 7.0 GT-P3100 Tab ဗားရှင်း 4.0.3 Root လုပ်နည်းကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆ...

No comments: