Galaxy J5 SM-J500H ဖုန်းအတွက် Android Version 5.1.1 ကို
TWRP Recovery ထည့်သွင်းချင်တဲ့သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ဒီဖုန်းကို Root access ရရှိထားသော်လည်း Facebook/Viber/WhatsApp/Youtube
စသည်တို့မှာ မြန်မာစာမှန်ကောင်းမှန်နေလိမ့်မယ်၊ Brower မှာတော့ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။
ယခုပို့စ့်တွင် မြန်မာစာအမှန်ထည့်သွင်းနည်းကို ပြောပေးသွားမှာတော့မဟုတ်ပါ
မြန်မာစာ 100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းကိုသာ ပြပေးသွားမှာပါ။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
J5 SM-J500H ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.nyilattun.com
No comments: