Samsung ဖုန်းများကို 256GB Storage ဖြင့် ရရှိတော့မည် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Samsung ဖုန်းများကို 256GB Storage ဖြင့် ရရှိတော့မည်

Samsung အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်းများကို Internal Storage 256 GB ပါရှိတဲ့ စမတ်ဖုန်းများကို စမ်းသပ်ဖန်တီးနေကြောင်း တရားဝင်ပြောဆိုခဲ့ ပါတယ်။
256 GB ပါဝင်ခြင်းကြောင့် PC တစ်လုံး သုံးရသလိုပဲ အချက်အလက်များကို သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Storage မြင့်မားခြင်းနဲ့အတူ ဖုန်းရဲ့ speed ကိုပါ မြင့်ရန် လိုအပ်တာကြောင့် ကွန်ပြူတာတစ်လုံးနီးပါး မြန်အောင်လည်း ဖန်တီးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ အဓိက ရည်ရွယ်ချက် အနေဖြင့် အနာဂတ်မှာ လူတွေဟာ 4K Video များ ပိုမို ကြည့်ရှုသိမ်းဆည်းလာချင်ခြင်း ၃၆၀ ဒီဂရီ ကြည့်လို့ရသော ဗီဒီယိုများကို ပိုလို စုဆောင်းယူတတ်လာခြင်းတို့ ဖြစ်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ Internal Storage ကို 256 GB အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။
 
Samsung အနေနဲ့ ယင်း Storage ဖြင့် စမတ်ဖုန်းကို ဘယ်တော့ထုတ်နိုင်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။
.
Ref: engadget
အောင်ခမ်း (MMAS)
Credit to  myanmarmobileapp
 
                                                             ညီလတ်ထွန်း(ဘီအမ်း)
                                                     www.nyilattun.com
Samsung ဖုန်းများကို 256GB Storage ဖြင့် ရရှိတော့မည် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:10 AM Rating: 5 Samsung အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်းများကို Internal Storage 256 GB ပါရှိတဲ့ စမတ်ဖုန်းများကို စမ်းသပ်ဖန်တီးနေကြောင်း တရားဝင်ပြောဆိုခဲ့ ပါတယ...

No comments: