Mi 4s ကို တရုတ်နိုင်ငံတွင် Xiaomi မိတ်ဆက်ကြေညာ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Mi 4s ကို တရုတ်နိုင်ငံတွင် Xiaomi မိတ်ဆက်ကြေညာ

Mi 5 ကို မိတ်ဆက်မကြေညာမီ Xiaomi က Mi 4s စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မိတ်ဆက်ပေးခဲ့သည်။

Mi 4s ၏ အရှေ့ဘက်နှင့် ကျောဘက်တွင် ဖန်သားပြင်ကို အသုံးပြုထားပြီး အလယ်တွင် သတ္တုကို အသုံးပြုထားသည်။ အရှေ့ဘက်တွင် ၅ လက်မအရွယ် 1920 x 1080 resolution display ကို အသုံးပြုထားသည်။ အရွယ်အစားက ၁၃၉.၂၆ x ၇၀.၇၆ x ၇.၈ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၃ ဂရမ်ဖြစ်သည်။

အတွင်းပိုင်းတွင် Qualcomm Snapdragon 808 chipset သစ်နှင့်အတူ 3GB RAM, 64GB storage တို့ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ရန် microSD slot ကို ထောက်ပံ့ပေးထားသည်။ ကျောဘက်တွင် PDAF နှင့် two-tone LED flash ဖြင့် ရိုက်ကူးနိုင်သော 13 megapixel ကင်မရာပါဝင်သည်။ ထို့အပြင် fingerprint sensor တစ်ခုကိုလည်း ထောက်ပံ့ပေးထားသည်။

Mi 4s ကို 4G+ နှင့် VoLTE အပြင် dual SIM, USB Type-C တို့ဖြင့် အသုံးပြုနိုင်သည်။ MIUI 7 ကို အသုံးပြုထားပြီး Qualcomm Quick Charge 2.0 အထောက်အပံ့ပါဝင်သော 3260mAh ဘက်ထရီဖြင့် သုံးနိုင်သည်။
တန်ဖိုးမှာ ၁,၆၉၉ ယွမ် (၂၆၀ ဒေါ်လာ) ဖြစ်ပြီး အနက်ရောင်၊ အဖြူရောင်၊ ရွှေရောင်နှင့် ပန်းရောင်တို့ဖြင့် ရရှိနိုင်သည်။
Ref: GSMArena
CREDIT- internetjournal

                                                                  ညီလတ်ထွန်း(ဘီမ်း)
                                                         www.nyilattun.com
Mi 4s ကို တရုတ်နိုင်ငံတွင် Xiaomi မိတ်ဆက်ကြေညာ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:21 AM Rating: 5 Mi 5 ကို မိတ်ဆက်မကြေညာမီ Xiaomi က Mi 4s စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မိတ်ဆက်ပေးခဲ့သည်။ Mi 4s ၏ အရှေ့ဘက်နှင့် ကျောဘက...

No comments: