အရွယ်သေးငယ်သော iPad Pro ကို မတ်လတွင် Apple မိတ်ဆက်ဖွယ်ရှိ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

အရွယ်သေးငယ်သော iPad Pro ကို မတ်လတွင် Apple မိတ်ဆက်ဖွယ်ရှိ

မတ်လတွင်ကျင်းပမည့် ပွဲတစ်ခုတွင် Apple က ၉.၇ လက်မ iPad သစ်တစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်းနှင့် ၎င်းကို iPad Air 3 ဟုခေါ်ဆိုမည် မဟုတ်ကြောင်း ကောလာဟလသတင်းများအရ သိရသည်။
9to5Mac ၏ ဖော်ပြချက်အရ အသစ်ထွက်မည့် iPad သည် iPad Pro အမှတ်တံဆိပ်ဖြင့် ထွက်ရှိမည်ဖြစ်ပြီး ၎င်းသည် နိုဝင်ဘာလက Apple မှ မိတ်ဆက်ပေးခဲ့သော ၁၂.၉ လက်မ ထုတ်ကုန်ထက် အရွယ်သေးငယ်မည်ဟု သိရသည်။ အဆိုပါ iPad သစ်တွင် iPad Pro ကဲ့သို့ စပီကာလေးလုံး၊ တူညီသော ပရိုဆက်ဆာနှင့် RAM တို့ကို အသုံးပြုထားမည်ဖြစ်ပြီး Apple Pencil ဖြင့်လည်း အသုံးပြုနိုင်မည်ဟု ဆိုသည်။
ထို့အပြင် Apple သည် iPad သစ်အတွက် အရွယ်သေးငယ်သော Smart Keyboard accessory ကိုလည်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ ၎င်း tablet သစ်ကို လက်ရှိ iPad Air 2 ၏ဈေးနှုန်းအတိုင်း ရောင်းချဖွယ်ရှိကြောင်း သိရသည်။
မတ်လတွင်ကျင်းပမည့် ပွဲ၌ iPad သစ်နှင့်အတူ iPhone 5se ဟုခေါ်သော iPhone သစ်ကိုလည်း တွေ့မြင်ရဖွယ်ရှိသည်။
Ref: TheVerge
Credit-internetjournal


                                                                  ညီလတ်ထွန်း(ဘီအမ်း)
                                                          www.nyilattun.com 
အရွယ်သေးငယ်သော iPad Pro ကို မတ်လတွင် Apple မိတ်ဆက်ဖွယ်ရှိ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:34 PM Rating: 5 မတ်လတွင်ကျင်းပမည့် ပွဲတစ်ခုတွင် Apple က ၉.၇ လက်မ iPad သစ်တစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်းနှင့် ၎င်းကို iPad Air 3 ဟုခေါ်ဆိုမည် မဟုတ်ကြော...

No comments: