iPad Air 3 မဟုတ်ပဲ iPad Pro ထွက်ရှိမည် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

iPad Air 3 မဟုတ်ပဲ iPad Pro ထွက်ရှိမည်

iPad Air 3 ကို လာမယ့် မတ်လ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ရှိထားပြီး ယခုအခါကျတော့ ယင်းဟာ iPad Air 3 မဟုတ်ကြောင်း သတင်းပြန်ထွက်ပါတယ်။ 5to5Mac ရဲ့ ပြောကြားချက်အရ ထွက်ရှိလာမယ့် iPad ဟာ iPad Pro သာဖြစ်ကြောင်း ဆိုပါတယ်။ 
iPad Pro ဟာဆိုရင် ပုံမှန်အားဖြင့် ၁၂.၉ လက်မ ဗားရှင်းရှိပါတယ်။ အများစု ထင်ထားတာက iPad Pro အမည်အောက်မှာ ၁၂.၉ လက်မနဲ့ ၁၅ လက်မသာ ရှိမယ်ဆိုတာ ဖြစ်ပေမယ့် တကယ်တန်းကျတော့ Apple ဟာ အသစ်ထွက်မယ့် Pro ကိုတော့ ၉.၇ လက်မဖြင့်သာ ထွက်စေမှာ ဖြစ်ပါတယ်။ ဒါဟာ iPad Air စီးရီးထဲက အရွယ်အစားပဲ ဖြစ်ပါတယ်။ Apple အနေနဲ့ Macbook ဆိုပြီးတော့ ၁၂ လက်မ MacBook ကိုထွက်စေတုန်းက အများစုထင်ခဲ့တာက ယင်းဟာ Mac Book Air အသစ်လို့ထင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တန်းလည်း Macbook Air လို့ထင်ရလောက်အောင် ပါးအောင်ဖန်တီးပါတယ်။ Air ဆိုတဲ့ အမည်ပါတဲ့ line ကိုများ ပျောက်စေချင်ပြီလားလို့တောင် သံသယ ဝင်နေကြ ပါတယ်။
 
ဘာပဲ ဖြစ်ဖြစ် Apple က Pro လိုင်းအသစ်ကို iPad မှာ ချပြနေပြီ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
Credit to myanmarmobileapp
 
                                                          
                                                             ညီလတ်ထွန်း(ဘီအမ်း)
                                                       www.nyilattun.com
iPad Air 3 မဟုတ်ပဲ iPad Pro ထွက်ရှိမည် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:03 AM Rating: 5 iPad Air 3 ကို လာမယ့် မတ်လ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ရှိထားပြီး ယခုအခါကျတော့ ယင်းဟာ iPad Air 3 မဟုတ်ကြောင်း သတင်းပြန်ထွက်ပါတယ...

No comments: