Huawei Honor 5X ဖုန်းကို unlock bootloader ပြုလုပ်နည်းအပြည့်အစုံ (Video Tuotorial) - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Huawei Honor 5X ဖုန်းကို unlock bootloader ပြုလုပ်နည်းအပြည့်အစုံ (Video Tuotorial)


Huawei Honor 5X ဖုန်းကို unlock bootloader ပြုလုပ်နည်းအပြည့်အစုံ 
(Video Tuotorial) လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီ Video ကိုတော့ Youtube မှပြန်လည်ရယူလာခဲ့တာပါ၊ ဒီဖုန်းကို Root လုပ်မယ်
ဆိုရင်တော့ bootloader ကို Unlock ပြုလုပ်၊ ပြီးရင် CWM recovery ကိုထည့်သွင်းပြီးပါမှ
Root လုပ်ရတာ အဆင်ပြေမှာဆိုတော့ ဒီ Video Tuotorial လေးကိုကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။


လိုအပ်ချက်များ
=========
Google USB Drivers
ADB & Fastboot File
Huawei Account ID
Unock Code (From Official)
အထက်ပါလိုအပ်ချက်များနဲ့ ပြည့်စုံခဲ့ရင်တော့ သင့်ဖုန်းကို Bootloader Unlock ပြုလုပ်
ရန်အတွက် 100% သေချာပါပြီ၊ အဆိုပါသက်ဆိုင်ရာများကို အောက်မှာဆက်ကြည့်ပါ။


Huawei ID တစ်ခုအလွယ်ဖွင့်ရန်အတွက်
အောက်ပါ လင့်ကိုသွားပြီး Register တင်ပေးလိုက်ပါ
Account အသစ်ဖွင့်တဲ့အချိန်မှာ Phone နဲ့ လည်းဖွင့်ရသလို
Gmail နဲ့လည်း ဖွင့်လို့ပါတယ် အဆင်ပြေမယ့်ဟာနဲ့ဖွင့်လိုက်ပါ


Unlock code ကိုတောင်းဖို့ရန်အတွက် Account ကိုအရင်ဖွင့်ထားပါမယ်
Huawei ID Account အဆင်ပြေပြီးရင်တော့ အောက်ပါလင့်တွင် Unlock Code ကို
တောင်းဆိုနိုင်ပါတယ် ၀င်ကြည့်လိုက်ပါ။



How to Unlock Bootloader 
==================
၁။ Huawei ID အကောက်တစ်ခုဖွင့်ရပါမည် ဖေါ်ပြပါ လင့်တွင် Register တင်ပါ
၂။ Unlock Code တောင်းရန်အတွက် ဖေါ်ပြပါ လင့်တွင် ၀င်ပြီး တောင်းဆိုလိုက်ပါ
၃။ Unlock Code ကိုတောင်းဆိုလိုက်ပါဆိုသည့်နေရာတွင် အနည်းငယ်ပြောပြပေးပါ့မယ်


Model : နေရာတွင် အောက်ပါပုံအတိုင်း ဖုန်းမှ Model number ပါတ်ကို
 Model ဆိုတဲ့နေရာမှာထည့်ပါ။


Products: S/N ဆိုတဲ့နေရာမှာတော့ Status ဆိုတာကိုတစ်ချက်နှိပ်လိုက်ပြီး 
Serial number နေရာမှ နံပါတ်တွေကို ထည့်ပေးရမှာပဲဖြစ်ပါတယ်။


Product IMEI or MEID ဆိုတဲ့နေရာမှာလည်း Status ဆိုတာကိုတစ်ချက်နှိပ်ပြီး


IMEI1 ဆိုတဲ့နေရာမှာ IMEI နံပါတ်ကိုယူပြီးထည့်ပေးရမှာဖြစ်ပါတယ်။


Product identifcation Code: နေရာမှာတော့ ဖုန်းရဲ့ Keypad ဖုန်းခေါ်ဆိုတဲ့
နေရာမှာအောက်ပါ ဂဏန်းအက္ခရာများကိုရိုက်ထည့်လိုက်ပါ 

* # * # 1357946 # * # 


အထက်ပါ ဂဏန်းအက္ခရာများကိုရိုက်ထည့်လိုက်လို့ ကျလာတဲ့ 
နံပါတ် (၈) လုံးသည် Product identifcation Code ဖြစ်ပါတယ်၊


အဲဒီ Code ကို Product identification Code ဆိုတဲ့နေရာမှာထည့်ပေးလိုက်ပါ။
PIN: ဆိုတဲ့နေရာမှာ Web တွင်ဖေါ်ပြပေးထားတဲ့ PIN နံပါတ်ကိုမှန်အောင်ရိုက်ထည့်ပြီး
အားလုံးအသင့်ဖြစ်ရင် Submit ဆိုတာကိုနှိပ်ပေးလိုက်ပါ။
Unlock Code နံပါတ်ကိုတော့ မိမိ၏ Gmail သို့ Official မှပို့ပေးလာပါလိမ့်မယ်
ချက်ချင်းလည်းရနိုင်သလို တစ်ရက်လောက်ကြာရင်လည်းကြာနိုင်ပါတယ်။
၎။ Unlock Code ကိုရထားပြီးပြီဆိုရင်တော့ ဖုန်းမှာ OEM & USB Debugging Mode ကို
Enable ပြုလုပ်ထားပြီး ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။
၅။ ADB & Fastboot Folder ကိုဖွင့်လိုက်ပါ 
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
adb devices
Devices အချင်းချင်းသိပြီဆိုတာနဲ့အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
adb reboot bootloader
ဖုန်းမှာ Reboot ကျပြီး Fastboot mode သို့ရောက်နေပါလိမ့်မယ်
ပြီးရင် အောက်ပါ Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပါ
fastboot devices
Devices အချင်းချင်းသိပြီဆိုတာနဲ့အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့်လိုက်ပါ။
fastboot oem unlock xxxxxxxxx code 
(မိမိတောင်းဆိုထားတဲ့ unlock code) ကို
Copy ကူးယူလိုက်ပြီး Paste ဖြင့်ထည့် ပြီးရင် Enter ကိုခေါက်ပါ။
ဖုန်းမှာ Reboot ကျပြီး Fastboot command တွင် 
(bootloader) Unlock success ဆိုပြီး
အောက်ပါပုံအတိုင်း ပြပေးနေပါလိမ့်မယ်။


ဒီလောက်နဲ့အားမရသေးရင်တော့ Youtbe မှ Video Tutorial လေးကို
အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ

Unlock Honor 5X Bootloader (official method from Huawei)
=================================

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)


  www.ayekyaw.org
Huawei Honor 5X ဖုန်းကို unlock bootloader ပြုလုပ်နည်းအပြည့်အစုံ (Video Tuotorial) Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:00 AM Rating: 5 Huawei Honor 5X ဖုန်းကို unlock bootloader ပြုလုပ်နည်းအပြည့်အစုံ  (Video Tuotorial) လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Video ကုိေ...

No comments: