တရုတ်ပြည်တွင် Gmail ပိတ်ပင်ပြီ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

တရုတ်ပြည်တွင် Gmail ပိတ်ပင်ပြီ

တရုတ်ပြည်မှာ ပြီးခဲ့တဲ့ အပတ်သောကြာနေ့က စလို့ Gmail အသုံးပြုခွင့်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာ အင်တာနက် ဆင်ဆာ ဖြတ်တဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘာကျော်ပြီး ၎င်းတို့ ပြည်တွင်းက လူတွေအသုံးပြုရန် အခွင့်ရှိတဲ့ ဆိုဒ်မျာကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားပါတယ်။

Google ရဲ့ Search Engine ကိုလည်း ၂၀၁၂ ခုနှစ်လောက်က တိုက်ခိုက်တာကြောင့် Google ဟာ တရုတ်ပြည်မှာ Search Engine လုပ်ဆောင်ချက်အား ရပ်တန့်ခဲ့ရပါတယ်။ ဒါကြောင့်မို့ တရုတ်ပြည်မှာလည်း Google Search သုံးမရတော့ ပါဘူး။ Facebook နဲ့ Twitter ကိုလည်း ပိတ်ဆို့ထားပါတယ်။ တရုတ်ပြည်မ အနေနဲ့ ကွန်မြူနစ် စနစ်ကို ကျင့်သုံးနေပြီး ၎င်းတို့ တိုင်းပြည်က လူတွေဟာ နိုင်ငံတကာ ယဉ်ကျေးမှု၊ ပြောဆိုမှု၊ သတင်းအချက်အလက်များဖြင့် မှိုင်းတိုက်ခံရမှာ စိုးတာကြောင့် ပိတ်ဆို့လိုက်ခြင်း ဖြစ်ပါတယ်။
ဟောင်ကောင်ကျွမ်းဆွယ်ကတော့ အသုံးပြုလို့ရပါတယ်။ တရုတ်ပြည်မမှာတော့ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ Google အနေနဲ့ တရုတ်ပြည် ဈေးကွက်ကို ဝင်ဖို့ရာ ပိုမိုလို့ ခက်ခဲလာပြီ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)
www.myanmarmobileapp.com
တရုတ်ပြည်တွင် Gmail ပိတ်ပင်ပြီ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 11:00 AM Rating: 5 တရုတ်ပြည်မှာ ပြီးခဲ့တဲ့ အပတ်သောကြာနေ့က စလို့ Gmail အသုံးပြုခွင့်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာ အင်တာနက် ဆင်ဆာ ဖြတ်တဲ့ ...

No comments: