“Chromecast ကို ယှဉ်ပြိုင်မယ့် Wireless Display Adapter အသစ်ကို ဖန်တီး” - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

“Chromecast ကို ယှဉ်ပြိုင်မယ့် Wireless Display Adapter အသစ်ကို ဖန်တီး”

Google က သာမန်တီဗီများကို စမတ်တီဗီအဖြစ် ပြောင်းလဲပေးနိုင်မယ့် Google Chromecast 2 ကို အဆင့်မြှင့် ထုတ်လုပ်ပေးထားပါတယ်။ Microsoft ကလည်း Chromecast 2 ကို ယှဉ်ပြိုင်မယ့် Wireless Display Adapter အသစ်ကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ မျိုးဆက်သစ်ဟာ မူလ ဗားရှင်းထက် ပိုမိုသေးငယ်ပြီး ဈေးသက်သာမှာဖြစ်ပါတယ်။ Microsoft က ၂၀၁၄ ခုနှစ်မှာ ပထမဆုံး မျိုးဆက်ကို စတင် ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ သူက Miracast စွမ်းဆောင်ချက်ပါတဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ လက်တော့ များမှ မီဒီယာများကို တီဗီလို မျက်နှာပြင်ကြီးများမှာ ပြသပေးနိုင်ပါတယ်။ ဗားရှင်းအသစ်ကို ဒေါ်လာ ၄၉.၉၅ ဖြင့် ရောင်းချပေးမှာဖြစ်ပြီး မူလဗားရှင်း ထက် ၁၀ ဒေါ်လာ သက်သာပါတယ်။ သူ့ရဲ့ ဒီဇိုင်းကိုလည်း ပြောင်းလဲထား ပြီး Latency ကိုလည်း လျှော့ချပေးထားတယ်လို့ Microsoft က ပြောပါ တယ်။ အခြားအရာများကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ Wireless Display Adapter ကို တပ်ဆင်ရတာ လွယ်ကူပါတယ်။ TV ဒါမှမဟုတ် Receiver ရဲ့ HDMI Port မှာ တပ်ဆင်လိုက်ရုံပါပဲ။ အားသွင်းဖို့အတွက် USB ကို အသုံးပြု ရမှာဖြစ်ပါတယ်။ သူက 1920x1080 Full HD Resolution အထိ ပြသ ပေးနိုင်ပါတယ်။ အသံအရည်အသွေးအတွက် 5.1 Surround Sound နည်းပညာ ထည့်သွင်းထားပါတယ်။ Miracast ဟာ HDMI ကြိုးမလိုဘဲ လက်တော့ ၊ တက်ဘလက်၊ စမတ်ဖုန်းများမှ ဗီဒီယို၊ ရုပ်ရှင်၊ သီချင်းနဲ့ အခြားအရာများကို တီဗီထံ ကြိုးမဲ့နည်းဖြင့် ထုတ်လွှင့်ပေးနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ Cross Platform ဖြစ်တဲ့အတွက် Microsoft ရဲ့ Device များမှာ သာမကဘဲ အခြား Device များမှာလည်း အသုံးပြုနိုင်ပါတယ်။ သာမန် တီဗီများကို စမတ်တီဗီများအဖြစ် ပြောင်းလဲပေးနိုင်တဲ့ Media Streamer များရဲ့ ပြိုင်ဆိုင်မှုဟာလည်း ပြင်းထန်နေပြီး ပြိုင်ပွဲထဲမှာ Apple TV, Roku တို့လည်း ပါဝင်နေပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


                                                                   ညီလတ်ထွန်း(ဘီအမ်း)
                                                           www.nyilattun.com
“Chromecast ကို ယှဉ်ပြိုင်မယ့် Wireless Display Adapter အသစ်ကို ဖန်တီး” Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:17 AM Rating: 5 Google က သာမန်တီဗီများကို စမတ်တီဗီအဖြစ် ပြောင်းလဲပေးနိုင်မယ့် Google Chromecast 2 ကို အဆင့်မြှင့် ထုတ်လုပ်ပေးထားပါတယ်။ Microsoft ကလည်း C...

No comments: