ဘယ်တော့မှ အားမကုန်တဲ့ ဆိုလာပါဝါသုံး ဖုန်းကို ဖန်တီး - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ဘယ်တော့မှ အားမကုန်တဲ့ ဆိုလာပါဝါသုံး ဖုန်းကို ဖန်တီး

ဂျပန်အခြေဆိုက် Kyocera လို့အမည်ရတဲ့ နည်းပညာ ကုမ္ဗဏီဟာ စမတ်ဖုန်း တစ်မျိုးကို ဖန်တီးပါတယ်။ ယင်း စမတ်ဖုန်းဟာ ဘယ်တော့မှ အားကုန်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။
ဖုန်းရဲ့ ဖန်သားပြင်အောက်မှာ နေရောင်ခြည်စွမ်းအင်ကို ဆုပ်ယူမယ့် အလွှာကို ထည့်ထားပါတယ်။ ဒါကြောင့်မို့ နေရောင်ခြည်စွမ်းအင်ကို ၃ မိနစ်ရရှိတိုင်း ဖုန်း ၁ မိနစ်ပြောရန် အားရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်း အားပြည့်နေမှာ ဖြစ်ပါတယ်။ ဖုန်းတွေမှာ အားနည်းချက်က နေရောင်ခြည်ထိပါများရင် ဖန်သားပြင် ထိခိုက်မှု ရှိပေမယ့် လက်ရှိ Kyocera ဖန်တီးထားတဲ့ ဖုန်းကတော့ ယင်းနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်အပူချိန် ဘယ်လောက်ထိ ခံနိုင်မယ်ဆိုတာတော့ မသိသေးပါဘူး။
 
ယင်း စမတ်ဖုန်းကို ယခုနှစ်အတွင်း ဈေးကွက်ချပြနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: MMAS
အောင်ခမ်း (MMAS)
Credit- myanmarmobileapp

                                                                ညီလတ်ထွန်း(ဘီအမ်း)
                                                         www.nyilattun.com
ဘယ်တော့မှ အားမကုန်တဲ့ ဆိုလာပါဝါသုံး ဖုန်းကို ဖန်တီး Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:18 AM Rating: 5 ဂျပန်အခြေဆိုက် Kyocera လို့အမည်ရတဲ့ နည်းပညာ ကုမ္ဗဏီဟာ စမတ်ဖုန်း တစ်မျိုးကို ဖန်တီးပါတယ်။ ယင်း စမတ်ဖုန်းဟာ ဘယ်တော့မှ အားကုန်မှာ မဟုတ်ပါဘူး...

No comments: