5G ကွန်ရက်အတွက် အထင်ကရ အော်ပရေတာပေါင်း ၂၀ ကျော်နှင့် Huawei ပူးပေါင်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

5G ကွန်ရက်အတွက် အထင်ကရ အော်ပရေတာပေါင်း ၂၀ ကျော်နှင့် Huawei ပူးပေါင်း

5G ကွန်ရက်အတွက် အထင်ကရအော်ပရေတာပေါင်း ၂၀ ကျော်နှင့် Huawei ပူးပေါင်းဆောင်ရွက်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။
ဘာစီလိုနာတွင် ကျင်းပသော ၂၀၁၆ Mobile World Congress မှသတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ Huaweiနှင့် ပူးပေါင်းဆောင်ရွက်လိုက် သည့် အော်ပရေတာ လုပ်ငန်းများတွင် CMCC, Deutsche Telekom, Vodafone, NTT DOCOMO, Telefonica, TeliaSonera နှင့် Etisalat တို့ပါဝင်ကြောင်း၊ ယင်းအပြင် အာရှ၊ ဥရောပနှင့် မြောက်အမေရိကတို့မှ အခြားအထင်ကရ အော်ပရေတာပေါင်း ၁၀ ခုကျော်လည်း ပါဝင်ကြောင်း သိရသည်။
၂၀၁၆ Mobile World Congress တွင် NTT DOCOMO နှင့်ပူးပေါင်း၍ 5G New Radio Access Technologies (5G New RAT) ကိုလည်းကောင်း၊ 5G Full Duplex Radio Technology ကို Chia Mobile နှင့်လည်းကောင်း၊ Transmission speed 70Gbps ဖြင့် Extreme fast 5G mmWave နည်းပညာနှင့် end-to-end network slicing နည်းပညာကို Deutsche Telekom နှင့်လည်းကောင်း ပြသနိုင်ခဲ့သည် ဟုဆိုသည်။
5G နည်းပညာအတွက် အပိုပစ္စည်း တင်သွင်းသူ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် ခဲ့သေးကြောင်း၊ ဥပမာအားဖြင့် Rohde Schwarz နှင့် 5G new waveform နည်းပညာကို သရုပ်ပြသခြင်း၊ Aeroflex, a Cobham Company တို့နှင့် 5G grant free access နည်းပညာကိုသရုပ်ပြသခြင်း အစရှိသည်တို့ကို ၂၀၁၆ Mobile World Congress တွင်ပြသခဲ့ကြောင်းဆိုသည်။ MWC 2016 (Mobile World Congress) ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပခဲ့ သည်။
Credit- internetjournal

                                                                ညီလတ်ထွန်း(ဘီအမ်း)
                                                          www.nyilattun.com
5G ကွန်ရက်အတွက် အထင်ကရ အော်ပရေတာပေါင်း ၂၀ ကျော်နှင့် Huawei ပူးပေါင်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:41 PM Rating: 5 5G ကွန်ရက်အတွက် အထင်ကရအော်ပရေတာပေါင်း ၂၀ ကျော်နှင့် Huawei ပူးပေါင်းဆောင်ရွက်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။ ဘာစီလိုနာတွင် ကျင်းပသော...

No comments: